ချစ်တင်းနှောခြင်းဆိုတဲ့ လိင်မှုကိစ္စဟာ လူအများစု မကင်းနိုင်တဲ့ အရာပါ(zawGyi)ခ်စ္တင္းေႏွာျခင္းဆိုတဲ့ လိင္မႈကိစၥဟာ လူအမ်ားစု မကင္းႏိုင္တဲ့ အရာပါ။
- Get link
- X
- Other Apps
ဘယ်အရာမဆို အဆုံးသတ်ကောင်းမှ အားလုံးကောင်းပါတယ်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလည်း ရှိပါသေးတယ်။ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောပြီးတဲ့အချိန်မှာ သင်ရော၊သင့်အဖော်အနေနဲ့ပါ ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို မျှဝေပေးသွားမှာပါ။
၁။ ရေနဲ့ဆေးကြောသန့်စင်ပါ။
ဒီလိုပြောလို့ ကိစ္စပြီးတာနဲ့ အိပ်ယာထဲက ခုန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို စားမြုံ့ပြန်ရင်း အိပ်ယာထဲမှာ သင့်ချစ်သူနဲ့ နှစ်ကိုယ့်တစိတ် နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး နေလို့ရပါသေးတယ်။ပြီးရင်တော့ အမျိုးသားရော၊အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးဖို့ လိုမှာပါ။ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ဆန္ဒရှိရင် ဆပ်ပြာပျော့ပျော့လေးတွေကို သုံးစွဲနိုင်တယ်ဆိုပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။လိင်အင်္ဂါထိပ်အရေပြားရှိတဲ့ အမျိုးသားတွေအနေနဲ့ ရေဆေးတဲ့အခါ အရေပြားကို အနောက်သို့အသာအယာလှန်ဆွဲပြီးမှ အောက်ဖက်ကိုပါ အသေအချာ ဆေးကြောရမှာပါ။
၂။ အမျိုးသမီးအင်္ဂါအတွင်းပိုင်းကို အထူးတလည် ခရင်မ်တွေ၊ဖြန်းဆေးတွေ အသုံးပြုခြင်းအား ရှောင်ရှားပါ။
သူတို့အများစုဟာ ဓာတုဗေဒပစ္စည်းတွေ အနည်းနဲ့အများ ပါဝင်တာမို့ သင့်အရေပြားကို ခြောက်သွေ့အက်ကွဲစေပါလိမ့်မယ်။အထူးသဖြင့် အနံ့ပါတဲ့ ပစ္စည်းတွေကို ရှောင်ကျဉ်ပါ။သူတို့ကြောင့် ကူးစက်ရောဂါဝင်နိုင်ချေ ပိုများပါတယ်။ဒီလိုဆိုရင် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါမယ်။ရေနွေးနွေးနဲ့ အသာအယာဆေးပေးရင် လုံလောက်ပါပြီ။
၃။ ဆီးသွားပါ။
ချစ်တင်းနှောနေချိန်မှာ ‘urethra’ လို့ခေါ်တဲ့ ဆီးအိမ်လည်တံပြွန်လေးကနေတဆင့် ဘက်တီးရီးယားပိုးမွှားတွေဟာ သင့်ခန္ဓာကိုယ်ထဲကို ဝင်လာတတ်ပါတယ်။ဒါကြောင့် လိင်မှုကိစ္စအပြီး ဆီးသွားလိုက်ခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် အခြားသော ကူးစက်ရောဂါတွေကို အတိုင်းအတာတခုထိ ကာကွယ်နိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့ ယောနိကို ပွတ်သပ်ဆေးတဲ့အခါ အရှေ့ကနေ အနောက်ကိုပဲ ပွတ်ဆေးသင့်ပါတယ်။
၄။ ရေများများသောက်ပါ။
ရေများများသောက်ရင် ဆီးများများသွားပါမယ်။ဆီးများများသွားလေ ဘက်တီးရီးယားတွေ သင့်ခန္ဓာကိုယ်ထဲက များများထွက်လေပေါ့။
၅။ အဝတ်အစား ပွပွချောင်ချောင်တွေဝတ်ပါ။
ကျပ်ထုတ်ပြီး ချွေးတွေရွှဲနေတဲ့ အဝတ်အစားတွေဟာ ဘက်တီးရီးယားတွေအတွက် နိဗ္ဗာန်ဘုံပါ။ဒါကြောင့် သင်တို့အနေနဲ့ အတွင်းခံကျပ်ကျပ်တွေ၊လေဝင်လေထွက်မကောင်းတဲ့ အသားပိတ်ပိတ်တွေကို ရှောင်ကျဉ်ပြီး ပွပွချောင်ချောင် ချည်သားလေးတွေကို ဝတ်ဆင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ဒါမှမဟုတ် အိပ်ယာဝင်တဲ့အခါ အတွင်းခံတွေကို လုံးဝချွတ်ခဲ့ရင်လည်း ရပါတယ်။
၆။ လက်သေချာဆေးပါ။
သင့်လက်ဟာလည်း ဟိုဟိုသည်သည် ထိတွေ့ထားဦးမှာဖြစ်တဲ့အတွက် ကိစ္စဝိစ္စပြီးချိန်မှာတော့ လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောခြင်းဖြင့် ဘက်တီးရီးယားပိုးကူးစက်ပြန့်ပွါးခြင်းကို ကာကွယ်ထိန်းချုပ်နိုင်မှာပါ။ဒါလေးကို အကျင့်လုပ်ထားသင့်ပါတယ်။
၇။ လူကြီးကစားစရာတွေကို သေချာစွာ ဆေးကြောပါ။
အသုံးပြုပြီးတဲ့ လူကြီးကစားစရာတွေမှာ ဘက်တီးရီးယား၊ဗိုင်ရပ်စ်နဲ့ မှိုရောဂါပိုးတွေ စွဲကျန်နေနိုင်တဲ့အတွက် လိင်မှတဆင့်ကူးစက်သော ရောဂါတွေအပါအဝင် အခြားရောဂါအမျိုးမျိုးကို ကူးစက်ပြန့်ပွါးစေနိုင်ပါတယ်။ဒါကြောင့် ဒီကစားစရာတွေကို အသုံးပြုပြီးတိုင်း ဂရုတစိုက် ဆေးကြောရပါမယ်။အခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုးလည်း မလုပ်ပါနဲ့။အကယ်၍ မျှဝေသုံးစွဲဖြစ်မယ်ဆိုရင်လည်း အသုံးမပြုခင်မှာ အကာအကွယ် ကွန်ဒုံးစွပ်ဖို့ မမေ့ပါနဲ့။
ဒီအချက်လေးတွေကတော့ ကိုကိုမမ၊ဦးဦးဒေါ်ဒေါ်တို့ ချစ်နာလန်ထအပြီးမှာ ကျင့်သုံးရမယ့် ဆောင်ရန်ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြာကြာဝါးရမယ့်သွား အရိုးကြည့်ရှောင်နိုင်ကြပါစေ။
Credit: hellosayarwon
zawgyi
ဘယ္အရာမဆို အဆုံးသတ္ေကာင္းမွ အားလုံးေကာင္းပါတယ္ဆိုတဲ့ သိုးေဆာင္းစကားပံုေလးလည္း ရွိပါေသးတယ္။ဒါေၾကာင့္ ဒီေဆာင္းပါးေလးမွာေတာ့ ခ်စ္တင္းေႏွာျပီးတဲ့အခ်ိန္မွာ သင္ေရာ၊သင့္အေဖာ္အေနနဲ႕ပါ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္ေလးေတြကို မွ်ေဝေပးသြားမွာပါ။
၁။ ေရနဲ႕ေဆးေၾကာသန္႕စင္ပါ။
ဒီလိုေျပာလို႕ ကိစၥျပီးတာနဲ႕ အိပ္ယာထဲက ခုန္ထြက္ျပီး ေရခ်ိဳးခန္းထဲ ေျပးဝင္ဖို႕ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ခ်စ္ၾကည္ႏူးခဲ့တဲ့ အခ်ိန္ေလးေတြကို စားျမံု႕ျပန္ရင္း အိပ္ယာထဲမွာ သင့္ခ်စ္သူနဲ႕ ႏွစ္ကိုယ့္တစိတ္ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ျပီး ေနလို႕ရပါေသးတယ္။ျပီးရင္ေတာ့ အမ်ိဳးသားေရာ၊အမ်ိဳးသမီးပါ မိမိတို႕ရဲ့ လိင္အဂၤါေတြကို ေရေႏြးေႏြးနဲ႕ ေျပာင္စင္ေအာင္ ေဆးေၾကာသန္႕စင္ေပးဖို႕ လိုမွာပါ။ဒီလို သန္႕စင္ေပးျခင္းဟာ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကဲ့သို႕ေသာ ကူးစက္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါလိမ့္မယ္။ဆႏၵရွိရင္ ဆပ္ျပာေပ်ာ့ေပ်ာ့ေလးေတြကို သုံးစြဲႏိုင္တယ္ဆိုေပမယ့္ ထိရွလြယ္တဲ့ အေရျပားပိုင္ရွင္ေတြအတြက္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။လိင္အဂၤါထိပ္အေရျပားရွိတဲ့ အမ်ိဳးသားေတြအေနနဲ႕ ေရေဆးတဲ့အခါ အေရျပားကို အေနာက္သို႕အသာအယာလွန္ဆြဲျပီးမွ ေအာက္ဖက္ကိုပါ အေသအခ်ာ ေဆးေၾကာရမွာပါ။
၂။ အမ်ိဳးသမီးအဂၤါအတြင္းပိုင္းကို အထူးတလည္ ခရင္မ္ေတြ၊ျဖန္းေဆးေတြ အသုံးျပဳျခင္းအား ေရွာင္ရွားပါ။
သူတို႕အမ်ားစုဟာ ဓာတုေဗဒပစၥည္းေတြ အနည္းနဲ႕အမ်ား ပါဝင္တာမို႕ သင့္အေရျပားကို ေျခာက္ေသြ႕အက္ကြဲေစပါလိမ့္မယ္။အထူးသျဖင့္ အနံ႕ပါတဲ့ ပစၥည္းေတြကို ေရွာင္က်ဥ္ပါ။သူတို႕ေၾကာင့္ ကူးစက္ေရာဂါဝင္ႏိုင္ေခ် ပိုမ်ားပါတယ္။ဒီလိုဆိုရင္ ေပါ့ေစလိုလို႕ ေၾကာင္႐ုပ္ထိုး ေဆးအတြက္ေလး ျဖစ္ေနပါမယ္။ေရေႏြးေႏြးနဲ႕ အသာအယာေဆးေပးရင္ လံုေလာက္ပါျပီ။
၃။ ဆီးသြားပါ။
ခ်စ္တင္းေႏွာေနခ်ိန္မွာ ‘urethra’ လို႕ေခၚတဲ့ ဆီးအိမ္လည္တံျပြန္ေလးကေနတဆင့္ ဘက္တီးရီးယားပိုးမႊားေတြဟာ သင့္ခႏၶာကိုယ္ထဲကို ဝင္လာတတ္ပါတယ္။ဒါေၾကာင့္ လိင္မႈကိစၥအျပီး ဆီးသြားလိုက္ျခင္းဟာ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းအပါအဝင္ အျခားေသာ ကူးစက္ေရာဂါေတြကို အတိုင္းအတာတခုထိ ကာကြယ္ႏိုင္ပါတယ္။အမ်ိဳးသမီးေတြအေနနဲ႕ ေယာနိကို ပြတ္သပ္ေဆးတဲ့အခါ အေရွ႕ကေန အေနာက္ကိုပဲ ပြတ္ေဆးသင့္ပါတယ္။
၄။ ေရမ်ားမ်ားေသာက္ပါ။
ေရမ်ားမ်ားေသာက္ရင္ ဆီးမ်ားမ်ားသြားပါမယ္။ဆီးမ်ားမ်ားသြားေလ ဘက္တီးရီးယားေတြ သင့္ခႏၶာကိုယ္ထဲက မ်ားမ်ားထြက္ေလေပါ့။
၅။ အဝတ္အစား ပြပြေခ်ာင္ေခ်ာင္ေတြဝတ္ပါ။
က်ပ္ထုတ္ျပီး ေခြၽးေတြရႊဲေနတဲ့ အဝတ္အစားေတြဟာ ဘက္တီးရီးယားေတြအတြက္ နိဗၺာန္ဘံုပါ။ဒါေၾကာင့္ သင္တို႕အေနနဲ႕ အတြင္းခံက်ပ္က်ပ္ေတြ၊ေလဝင္ေလထြက္မေကာင္းတဲ့ အသားပိတ္ပိတ္ေတြကို ေရွာင္က်ဥ္ျပီး ပြပြေခ်ာင္ေခ်ာင္ ခ်ည္သားေလးေတြကို ဝတ္ဆင္ရင္ေတာ့ အေကာင္းဆုံးျဖစ္ပါတယ္။ဒါမွမဟုတ္ အိပ္ယာဝင္တဲ့အခါ အတြင္းခံေတြကို လံုးဝခြၽတ္ခဲ့ရင္လည္း ရပါတယ္။
၆။ လက္ေသခ်ာေဆးပါ။
သင့္လက္ဟာလည္း ဟိုဟိုသည္သည္ ထိေတြ႕ထားဦးမွာျဖစ္တဲ့အတြက္ ကိစၥဝိစၥျပီးခ်ိန္မွာေတာ့ လက္ကို ဆပ္ျပာနဲ႕စင္ၾကယ္ေအာင္ ေဆးေၾကာျခင္းျဖင့္ ဘက္တီးရီးယားပိုးကူးစက္ျပန္႕ပြါးျခင္းကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္မွာပါ။ဒါေလးကို အက်င့္လုပ္ထားသင့္ပါတယ္။
၇။ လူၾကီးကစားစရာေတြကို ေသခ်ာစြာ ေဆးေၾကာပါ။
အသုံးျပဳျပီးတဲ့ လူၾကီးကစားစရာေတြမွာ ဘက္တီးရီးယား၊ဗိုင္ရပ္စ္နဲ႕ မိႈေရာဂါပိုးေတြ စြဲက်န္ေနႏိုင္တဲ့အတြက္ လိင္မွတဆင့္ကူးစက္ေသာ ေရာဂါေတြအပါအဝင္ အျခားေရာဂါအမ်ိဳးမ်ိဳးကို ကူးစက္ျပန္႕ပြါးေစႏိုင္ပါတယ္။ဒါေၾကာင့္ ဒီကစားစရာေတြကို အသုံးျပဳျပီးတိုင္း ဂ႐ုတစိုက္ ေဆးေၾကာရပါမယ္။အျခားသူေတြနဲ႕ မွ်ေဝသုံးစြဲတာမ်ိဳးလည္း မလုပ္ပါနဲ႕။အကယ္၍ မွ်ေဝသုံးစြဲျဖစ္မယ္ဆိုရင္လည္း အသုံးမျပဳခင္မွာ အကာအကြယ္ ကြန္ဒုံးစြပ္ဖို႕ မေမ့ပါနဲ႕။
ဒီအခ်က္ေလးေတြကေတာ့ ကိုကိုမမ၊ဦးဦးေဒၚေဒၚတို႕ ခ်စ္နာလန္ထအျပီးမွာ က်င့္သုံးရမယ့္ ေဆာင္ရန္ေရွာင္ရန္ေတြပဲ ျဖစ္ပါတယ္။အားလုံးပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ ၾကာၾကာဝါးရမယ့္သြား အ႐ိုးၾကည့္ေရွာင္ႏိုင္ၾကပါေစ။
Credit: hellosayarwon
- Get link
- X
- Other Apps
Comments
Post a Comment