Vitamin C (Ascorbic Acid)

မနက်ခင်းမှာ ဖွားဖက်တော်လေး ထောင်မတ်နေတာ ဘာကြောင့်လဲ?(zawgyi)မနက္ခင္းမွာ ဖြားဖက္ေတာ္ေလး ေထာင္မတ္ေနတာ ဘာေၾကာင့္လဲ?



.ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ လိင်တံထောင်မတ်တယ်ဆိုတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိပဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့် လူပျိြုဖစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်းဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။
မနက်ပိုင်းမှာ ဘာကြောင့် လိင်တံထောင်မတ်နေရတာလဲ။
အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော်တွေ ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့
၁။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့
မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့ လိင်တံကို လက်နဲ့ကိုင်မိတာ၊ ဒါမှမဟုတ် ချစ်သူ၊ ဇနီးက မတော်တဆ လိင်တံကို ထိမိ၊ ကိုင်မိလိုက်တဲ့အခါ ထောင်မတ်ခြင်း ဖြစ်စေပါတယ်။ ဒီလို အထိအတွေ့ကြောင့် ကိုယ်ခန္ဓါက လိင်တံကို ထောင်မတ်စေခြင်းဖြင့် လှုံ့ဆော်ပေးပါတယ်။

၂။ ကျားဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း
ကိုယ်ခန္ဓါက ကျားဟော်မုန်း (Testosterone) ကို အမြဲထုတ်လုပ်ပေးနေတတ်ပါတယ်။ အထူးသဖြင့် မနက်ခင်း နိုးထတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာ အမြင့်ဆုံး အခြေအနေလို့ သတ်မှတ်လို့ ရပါတယ်။ ဒီလို ကျားဟော်မုန်းတွေ အဆမတန် များလာတဲ့အခါ လိင်တံဟာ ဘယ်လိုလှုံ့ဆော်မှုမှ မလိုဘဲ သူ့အလိုလို ထောင်မတ်လာနိုင်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အရွယ်မှာ ကျားဟော်မုန်း ထုတ်လုပ်မှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် တချို့ရက်တွေမှာ လိင်တံမထောင်မတ်တာတွေ ဖြစ်နိုင်ပါတယ်။
၃။ ဦးနှောက်က အနားယူနေတာ
လူက နိုးထနေတဲ့အချိန်မှာ လိင်တံထောင်မတ်ခြင်းကို မဖြစ်စေဖို့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်ပေးပါတယ်။ အိပ်နေတဲ့အချိန် ဦးနှောက်က အနားယူနေတဲ့အတွက် ဟော်မုန်းအနည်းငယ်သာ ထုတ်လွှတ်ပေးနိုင်တာကြောင့် လိင်တံက ပိုမိုထောင်မတ်ပါတယ်။ အမျိုးသား အများစု ညအိပ်ချိန်မှာ ၃ကြိမ်မှ ၅ကြိမ်ထိ လိင်တံကောင်းစွာ ထောင်မတ်နိုင်ပြီး တစ်ကြိမ်လျှင် နာရီဝက်အထိ ကြာမြင့်နိုင်ပါတယ်။
ဘယ်သူတွေမှာ မနက်ခင်းလိင်တံထောင်မတ်ခြင်း ဖြစ်စဉ်ကို ကြုံတွေ့ရလဲ။၏
အမျိုးသားတိုင်း အသက်အရွယ်မရွေး မနက်ပိုင်း နိုးလာတဲ့အခါ လိင်တံထောင်မတ်နိုင်ပါတယ်။ ဒါဟာ လိင်တံအတွင်း သွေးကြောနဲ့ ဦးနှောက်အာရုံကြော စနစ်က ပုံမှန်အလုပ်လုပ်ပြီး ကိုယ်ခန္ဓါက ကျန်းမာနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာဖြစ်ပါတယ်။
၆နှစ်မှ ၈နှစ်အရွယ် ကလေးတွေကနေ အသက် ၆၀ ၇၀ ကျော်-အထိ မနက်ခင်း လိင်တံထောင်မတ်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလိုဖြစ်စဉ်တွေဟာ အကြိမ်ရေ နည်းသွားတာမျိုးတော့ ရှိပါတယ်။ လူတွေထင်ထားသလို လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေနဲ့ သက်ဆိုင်မှုမရှိဘဲ လိင်တံက သူ့အလိုလို ထောင်မတ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မနက်ခင်း နိုးထစဉ် လိင်တံထောင်မတ်ချိန်ဟာ မိနစ် ၃၀ ထိ ကြာတတ်ပြီး တချို့အမျိုးသားတွေမှာ မိနစ် ၃၀ ထက် ပိုကြာရှည်စွာ ထောင်မတ်နိုင်ပါတယ်။ အိပ်နေစဉ်မှာတော့ မိနစ် ၃၀ မှ ၂နာရီထိ လိင်တံထောင်မတ်နိုင်ပါတယ်။
မနက်ပိုင်းမှာ လိင်တံမထောင်မတ်တော့ရင် စိုးရိမ်စရာ ရှိလား။
ပုံမှန်အားဖြင့်တော့ လိင်တံထောင်မတ်တယ်ဆိုတာ အာရုံကြောစနစ်နဲ့ သွေးကြောက ကောင်းစွာ လည်ပတ်အလုပ်လုပ်တာကို ပြနေတာပါ။ မနက်ပိုင်း နိုးထလာချိန် လိင်တံထောင်မတ်တာ မဖြစ်တာ တော်တော်ကြာသွားပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်သလို၊ သွေးတိုး၊ ကိုလက်စထရော၊ ဆီးချို၊ စိတ်ကျရောဂါနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာလို့ ထောင်မတ်ခြင်း နည်းသွားတာမျိုးတော့ ဖြစ်နိုင်ပေမဲ့ ငယ်ရွယ်စဉ်မှာ ဒီလိုအခြေအနေမတွေ့ရဘူးဆိုမှ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ မနက်ပိုင်းမှာ လိင်တံက လုံးဝထောင်မတ်ခြင်း မရှိတာ၊ ထောင်မတ်နေစဉ်မှာ နာကျင်မှုဝေဒနာ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ပုရိသအားလုံးလည်း ကျန်းမာပျော်ရွှင်ဖွယ် လိင်မှုဘဝ ပိုင်ဆိုင်ရပါစေ။
Crd: Original Uploader

❓မနက္ခင္းမွာ ဖြားဖက္ေတာ္ေလး ေထာင္မတ္ေနတာ ဘာေၾကာင့္လဲ?❓

.က်န္းမာေရးေကာင္းတဲ့ ပုရိသေတြအေနနဲ႔ လိင္တံေထာင္မတ္တယ္ဆိုတာ သိပ္ဆန္းတဲ့ ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး။ အထိအေတြ႕ေၾကာင့္၊ စိတ္ခံစားခ်က္ေၾကာင့္ တင္မကဘဲ တစ္ခါတေလမွာ အေၾကာင္းျပခ်က္မရွိပဲနဲ႔လည္း လိင္တံ ေထာင္မတ္ႏိုင္ပါတယ္။ အထူးသျဖင့္ လူပ်ိျုဖစ္ကာစ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးေတြနဲ႔ အ႐ြယ္ငယ္ေသးတဲ့ လူငယ္ေယာက္်ားေလးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ဒီျဖစ္စဥ္ကို Nocturnal Penile Tumescence (NPT) မနက္ခင္းမွာ လိင္တံေထာင္မတ္ေနျခင္းျဖစ္စဥ္လို႔လည္း ေခၚပါတယ္။
မနက္ပိုင္းမွာ ဘာေၾကာင့္ လိင္တံေထာင္မတ္ေနရတာလဲ။
အမ်ိဳးသားအမ်ားစုဟာ မနက္ႏိုးလာတဲ့အခါ ဖြားဖက္ေတာ္ေတြ ထိုးထိုးေထာင္ေထာင္ ျဖစ္ေနတတ္ပါတယ္။ ဒီလိုျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကေတာ့
၁။ ႐ုပ္ပိုင္းဆိုင္ရာ အထိအေတြ႕
မ်က္လုံးက မွိတ္ေနေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶါက အသားခ်င္း အထိအေတြ႕အေပၚမွာ ေကာင္းေကာင္း ခံစားသိရွိႏိုင္ပါတယ္။ ကိုယ္တိုင္က အိပ္ေနရင္းနဲ႔ လိင္တံကို လက္နဲ႔ကိုင္မိတာ၊ ဒါမွမဟုတ္ ခ်စ္သူ၊ ဇနီးက မေတာ္တဆ လိင္တံကို ထိမိ၊ ကိုင္မိလိုက္တဲ့အခါ ေထာင္မတ္ျခင္း ျဖစ္ေစပါတယ္။ ဒီလို အထိအေတြ႕ေၾကာင့္ ကိုယ္ခႏၶါက လိင္တံကို ေထာင္မတ္ေစျခင္းျဖင့္ လႈံ႕ေဆာ္ေပးပါတယ္။
၂။ က်ားေဟာ္မုန္း အေျပာင္းအလဲျဖစ္ျခင္း
ကိုယ္ခႏၶါက က်ားေဟာ္မုန္း (Testosterone) ကို အၿမဲထုတ္လုပ္ေပးေနတတ္ပါတယ္။ အထူးသျဖင့္ မနက္ခင္း ႏိုးထတဲ့အခ်ိန္မွာ အမ်ိဳးသားတစ္ေယာက္ရဲ႕ ကိုယ္ခႏၶါက က်ားေဟာ္မုန္းထုတ္လုပ္ႏိုင္စြမ္းဟာ အျမင့္ဆုံး အေျခအေနလို႔ သတ္မွတ္လို႔ ရပါတယ္။ ဒီလို က်ားေဟာ္မုန္းေတြ အဆမတန္ မ်ားလာတဲ့အခါ လိင္တံဟာ ဘယ္လိုလႈံ႕ေဆာ္မႈမွ မလိုဘဲ သူ႔အလိုလို ေထာင္မတ္လာႏိုင္ပါတယ္။ အသက္ ၄၀ နဲ႔ ၅၀ ၾကား အ႐ြယ္မွာ က်ားေဟာ္မုန္း ထုတ္လုပ္မႈႏႈန္းဟာ တျဖည္းျဖည္း က်ဆင္းလာတဲ့အတြက္ တခ်ိဳ႕ရက္ေတြမွာ လိင္တံမေထာင္မတ္တာေတြ ျဖစ္ႏိုင္ပါတယ္။

၃။ ဦးေႏွာက္က အနားယူေနတာ
လူက ႏိုးထေနတဲ့အခ်ိန္မွာ လိင္တံေထာင္မတ္ျခင္းကို မျဖစ္ေစဖို႔ ေဟာ္မုန္းတစ္မ်ိဳး ထုတ္လုပ္ေပးပါတယ္။ အိပ္ေနတဲ့အခ်ိန္ ဦးေႏွာက္က အနားယူေနတဲ့အတြက္ ေဟာ္မုန္းအနည္းငယ္သာ ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ လိင္တံက ပိုမိုေထာင္မတ္ပါတယ္။ အမ်ိဳးသား အမ်ားစု ညအိပ္ခ်ိန္မွာ ၃ႀကိမ္မွ ၅ႀကိမ္ထိ လိင္တံေကာင္းစြာ ေထာင္မတ္ႏိုင္ၿပီး တစ္ႀကိမ္လွ်င္ နာရီဝက္အထိ ၾကာျမင့္ႏိုင္ပါတယ္။
ဘယ္သူေတြမွာ မနက္ခင္းလိင္တံေထာင္မတ္ျခင္း ျဖစ္စဥ္ကို ႀကဳံေတြ႕ရလဲ။၏
အမ်ိဳးသားတိုင္း အသက္အ႐ြယ္မေ႐ြး မနက္ပိုင္း ႏိုးလာတဲ့အခါ လိင္တံေထာင္မတ္ႏိုင္ပါတယ္။ ဒါဟာ လိင္တံအတြင္း ေသြးေၾကာနဲ႔ ဦးေႏွာက္အာ႐ုံေၾကာ စနစ္က ပုံမွန္အလုပ္လုပ္ၿပီး ကိုယ္ခႏၶါက က်န္းမာေနတယ္ဆိုတာကို ျပေနတဲ့ လကၡဏာျဖစ္ပါတယ္။
၆ႏွစ္မွ ၈ႏွစ္အ႐ြယ္ ကေလးေတြကေန အသက္ ၆၀ ၇၀ ေက်ာ္-အထိ မနက္ခင္း လိင္တံေထာင္မတ္ျခင္း ျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် ဒီလိုျဖစ္စဥ္ေတြဟာ အႀကိမ္ေရ နည္းသြားတာမ်ိဳးေတာ့ ရွိပါတယ္။ လူေတြထင္ထားသလို လိင္ပိုင္းဆိုင္ရာ အိပ္မက္ေတြနဲ႔ သက္ဆိုင္မႈမရွိဘဲ လိင္တံက သူ႔အလိုလို ေထာင္မတ္တာ ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ မနက္ခင္း ႏိုးထစဥ္ လိင္တံေထာင္မတ္ခ်ိန္ဟာ မိနစ္ ၃၀ ထိ ၾကာတတ္ၿပီး တခ်ိဳ႕အမ်ိဳးသားေတြမွာ မိနစ္ ၃၀ ထက္ ပိုၾကာရွည္စြာ ေထာင္မတ္ႏိုင္ပါတယ္။ အိပ္ေနစဥ္မွာေတာ့ မိနစ္ ၃၀ မွ ၂နာရီထိ လိင္တံေထာင္မတ္ႏိုင္ပါတယ္။
မနက္ပိုင္းမွာ လိင္တံမေထာင္မတ္ေတာ့ရင္ စိုးရိမ္စရာ ရွိလား။
ပုံမွန္အားျဖင့္ေတာ့ လိင္တံေထာင္မတ္တယ္ဆိုတာ အာ႐ုံေၾကာစနစ္နဲ႔ ေသြးေၾကာက ေကာင္းစြာ လည္ပတ္အလုပ္လုပ္တာကို ျပေနတာပါ။ မနက္ပိုင္း ႏိုးထလာခ်ိန္ လိင္တံေထာင္မတ္တာ မျဖစ္တာ ေတာ္ေတာ္ၾကာသြားၿပီဆိုရင္ေတာ့ က်န္းမာေရးျပႆနာတစ္ခုခု ရွိေနတာေၾကာင့္လည္း ျဖစ္ႏိုင္သလို၊ ေသြးတိုး၊ ကိုလက္စထေရာ၊ ဆီးခ်ိဳ၊ စိတ္က်ေရာဂါနဲ႔ လိင္တံမေထာင္မတ္ႏိုင္တဲ့ ျပႆနာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
အသက္အ႐ြယ္ႀကီးလာလို႔ ေထာင္မတ္ျခင္း နည္းသြားတာမ်ိဳးေတာ့ ျဖစ္ႏိုင္ေပမဲ့ ငယ္႐ြယ္စဥ္မွာ ဒီလိုအေျခအေနမေတြ႕ရဘူးဆိုမွ ဆရာဝန္နဲ႔ ျပသၾကည့္သင့္ပါတယ္။ မနက္ပိုင္းမွာ လိင္တံက လုံးဝေထာင္မတ္ျခင္း မရွိတာ၊ ေထာင္မတ္ေနစဥ္မွာ နာက်င္မႈေဝဒနာ ခံစားေနရၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသၾကည့္ဖို႔ အႀကံေပးလိုက္ပါတယ္။ ပုရိသအားလုံးလည္း က်န္းမာေပ်ာ္႐ႊင္ဖြယ္ လိင္မႈဘဝ ပိုင္ဆိုင္ရပါေစ။
Crd: Original Uploader

 

Comments