Vitamin C (Ascorbic Acid)

လိင်အင်္ဂါကြီးအောင် လေ့ကျင့်ခန်းလုပ်လို့ ရနိုင်ပါသလား(zawgyi)လိင္အဂၤါႀကီးေအာင္ ေလ့က်င့္ခန္းလုပ္လို႔ ရႏိုင္ပါသလား။ ရႏိုင္မယ္ဆိုရင္...

 


လိင်အင်္ဂါဟာ ကြွတ်သားတစ်သျှူးများနဲ့ ဖွဲ့စည်းထားခြင်း မဟုတ်ပါ။ရေမြုတ် ကဲ့သို့ ပွရောင်းတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိင်အင်္ဂါတောင့်တင်းလာတာဟာ လိင်အင်္ဂါမှာသွေးများ ယာယီပြည့်တင်းလာခြင်းကြောင့် ဖြစ်တာပါ။လေ့ကျင့်လို့ ကြီးထွားလာတာဟာ ကြွက်သားတစ်သျှူးမျိုးပါ။

 

လေ့ကျင့်၍ ကြီးထွားလို့မရပါ။ တချို့နိုင်ငံတွေမှာ လိင်အင်္ဂါထိန်းအရွတ်ဆိုင်း ကိုဖြတ်လိုက်လို့ ရှေ့အနည်းငယ် ပိုထွက်လာတာမျိုး ရှိပါတယ်။ ဒါကလည်း အနည်းငယ်လောက်သာပါ။ တချို့ခွဲစိတ်ပြုပြင်ကြတာမျိုး ရှိပါတယ်။ ဒါကလည်း လက်မဝက်၊ တစ်လက်မရှည်ဖို့လောက်ပဲ ဖြစ်နိုင်ပါတယ်။

 

ကျွန်တော့်လိင်အင်္ဂါကြီးထွားချင်လို့ပါဆရာ။ ကျွန်တော့်သူငယ်ချင်းက ဆေးထိုးရင် ရတယ်။ သူလည်းထိုးထားတယ် ဆိုပြီး သူ့အင်္ဂါကို ပြပါတယ်။ ကျွန်တော်တို့ထက် နှစ်ဆ နီးပါး ဖွံ့ထွားတာ တွေ့ရပါတယ်။အဲဒါကြောင့် ကျွန်တော်ထိုးချင်ပေမယ့် အန္တရာယ်ဖြစ် မှာတော့ ကြောက်ပါတယ်ဆရာ။ အကြံပေးစေချင်ပါတယ်။

 

ကျွန်တော်အနေနဲ့ ပြတ်သားစွာ အကြံပြုရရင် လုံးဝမထိုးသင့်ပါလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့အတွေ့အကြုံအရလိင်အင်္ဂါကြီးထွားအောင် ဆေးထိုးပြီးနောက် ပြဿနာဖြစ်လာတဲ့ လူနာတွေ တွေ့ဖူးနေလို့ပါ။ ချက်ချင်း လက်ငင်းဖြစ်တတ်တာကတော့ အနာတွေဖြစ် တာပါပဲ။ အန္တရာယ်များပါတယ်။

 

နောက်ပိုင်းမှာလည်း လိင်အင်္ဂါတောင့်တင်းလာတဲ့အခါ နာကျင်မှုဝေဒနာတွေ ခံစားရတာ။ အစပထမမှာ ကြီးလာပေမယ့် နောက်ပိုင်းမှာ လိင်တံမာနေပြီး ကောင်းစွာ မတောင့်တင်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ လွယ်လွယ် ပြောရရင်မူလ အင်္ဂါမှာပါတဲ့ တစ်သျှူးတွေနေရာမှာ အမျှင်တစ်သျှူးတွေ ပေါ်လာပြီး အမာရွတ်လို ဖြစ်ကုန်တာပါ။ ကျုံ့ဆန်နိုင်မှု ပျက်ယွင်းကုန်တာပါ။ လိင်အင်္ဂါကိုခွဲ စိတ်ကုသရတာမျိုးပြုလုပ်ကြရပါတယ်။ တစ်ချို့ဆိုရင် တစ်သျှူးတွေဖြတ်ထုတ်လိုက်ရလို့ အရွယ်အစား ပိုတောင်သေးငယ် သွားနိုင်ပါတယ်။ လုံးဝ မထိုးပါနဲ့လို့တားပါရစေ။

redit : Sexual Health Education ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 (zawgyi)

လိင္အဂၤါဟာ ႂကြတ္သားတစ္သွ်ဴးမ်ားနဲ႔ ဖြဲ႕စည္းထားျခင္း မဟုတ္ပါ။ေရျမဳတ္ ကဲ့သို႔ ပြေရာင္းတဲ့ တစ္သွ်ဴးေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ လိင္အဂၤါေတာင့္တင္းလာတာဟာ လိင္အဂၤါမွာေသြးမ်ား ယာယီျပည့္တင္းလာျခင္းေၾကာင့္ ျဖစ္တာပါ။ေလ့က်င့္လို႔ ႀကီးထြားလာတာဟာ ႂကြက္သားတစ္သွ်ဴးမ်ိဳးပါ။

 

ေလ့က်င့္၍ ႀကီးထြားလို႔မရပါ။ တခ်ိဳ႕ႏိုင္ငံေတြမွာ လိင္အဂၤါထိန္းအ႐ြတ္ဆိုင္း ကိုျဖတ္လိုက္လို႔ ေရွ႕အနည္းငယ္ ပိုထြက္လာတာမ်ိဳး ရွိပါတယ္။ ဒါကလည္း အနည္းငယ္ေလာက္သာပါ။ တခ်ိဳ႕ခြဲစိတ္ျပဳျပင္ၾကတာမ်ိဳး ရွိပါတယ္။ ဒါကလည္း လက္မဝက္၊ တစ္လက္မရွည္ဖို႔ေလာက္ပဲ ျဖစ္ႏိုင္ပါတယ္။

 

ကြၽန္ေတာ့္လိင္အဂၤါႀကီးထြားခ်င္လို႔ပါဆရာ။ ကြၽန္ေတာ့္သူငယ္ခ်င္းက ေဆးထိုးရင္ ရတယ္။ သူလည္းထိုးထားတယ္ ဆိုၿပီး သူ႔အဂၤါကို ျပပါတယ္။ ကြၽန္ေတာ္တို႔ထက္ ႏွစ္ဆ နီးပါး ဖြံ႕ထြားတာ ေတြ႕ရပါတယ္။အဲဒါေၾကာင့္ ကြၽန္ေတာ္ထိုးခ်င္ေပမယ့္ အႏၲရာယ္ျဖစ္ မွာေတာ့ ေၾကာက္ပါတယ္ဆရာ။ အႀကံေပးေစခ်င္ပါတယ္။

 

ကြၽန္ေတာ္အေနနဲ႔ ျပတ္သားစြာ အႀကံျပဳရရင္ လုံးဝမထိုးသင့္ပါလို႔ ဆိုရပါလိမ့္မယ္။ ကြၽန္ေတာ္တို႔အေတြ႕အႀကဳံအရလိင္အဂၤါႀကီးထြားေအာင္ ေဆးထိုးၿပီးေနာက္ ျပႆနာျဖစ္လာတဲ့ လူနာေတြ ေတြ႕ဖူးေနလို႔ပါ။ ခ်က္ခ်င္း လက္ငင္းျဖစ္တတ္တာကေတာ့ အနာေတြျဖစ္ တာပါပဲ။ အႏၲရာယ္မ်ားပါတယ္။

 

ေနာက္ပိုင္းမွာလည္း လိင္အဂၤါေတာင့္တင္းလာတဲ့အခါ နာက်င္မႈေဝဒနာေတြ ခံစားရတာ။ အစပထမမွာ ႀကီးလာေပမယ့္ ေနာက္ပိုင္းမွာ လိင္တံမာေနၿပီး ေကာင္းစြာ မေတာင့္တင္းႏိုင္တာေတြ ျဖစ္တတ္ပါတယ္။ လြယ္လြယ္ ေျပာရရင္မူလ အဂၤါမွာပါတဲ့ တစ္သွ်ဴးေတြေနရာမွာ အမွ်င္တစ္သွ်ဴးေတြ ေပၚလာၿပီး အမာ႐ြတ္လို ျဖစ္ကုန္တာပါ။ က်ဳံ႕ဆန္ႏိုင္မႈ ပ်က္ယြင္းကုန္တာပါ။ လိင္အဂၤါကိုခြဲ စိတ္ကုသရတာမ်ိဳးျပဳလုပ္ၾကရပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ တစ္သွ်ဴးေတြျဖတ္ထုတ္လိုက္ရလို႔ အ႐ြယ္အစား ပိုေတာင္ေသးငယ္ သြားႏိုင္ပါတယ္။ လုံးဝ မထိုးပါနဲ႔လို႔တားပါရေစ။

 

Comments